ဆွမ်ပရာဘွမ်မြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များအား ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များအား ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဆွမ်ပရာဘွမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၈ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဥပဒေအမှတ် ၄၆/၂၀၂၂ဖြင့် ထုတ်ပြန်ပြဌာန်းချက်များ ချပြရှင်းလင်းပွဲ ကျင်းပရာ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဇော်က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအား ပရိုဂျက်တာဖြင့် ပြသကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာများက သိရှိလိုသည်များ မေးမြန်းမှုအား ရှင်းလင်းဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

April moe(ဆွမ်ပရာဘွမ်)