မော်လမြိုင် ဒီဇင်ဘာ ၇
မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းမ၌ကျင်းပပြုလုပ်ရာမွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတတ်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏သမိုင်းမှတ်တိုင်တစ်လျှောက်တွင် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း(၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အားလျော်စွာ မကြာမီကျရောက်တော့မည့် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်သည် ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေး၏အသွင်သဏ္ဍန်၊ အနှစ်သာရများ ပေါ်လွင်ထင်ဟပ်စေရန်နှင့် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ လွတ်လပ်ရေးနေ့နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအစီအစဉ်များအားလည်းကောင်း၊ အစိုးရအဖွဲ့၀င်အတွင်းရေးမှူး ဦးတိုးဝင်းမှ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အားလည်းကောင်း ရှင်လင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။
ထိုနောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်