သံတွဲ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကြက်စားချောင်-ဒေါင်းပြင်ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သာနို့အေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းသည်အရှည် ၀/၄.၄၇ မိုင်နှင့် အကျယ် ၁၄ ပေရှိပြီး ပြည်နယ် အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၄.၀၅၆ သန်းဖြင့် ပြည့်ဝနဒီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေးအလေးထားဆောင် ရွက်ရန်ကုမ္ပဏီမှတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စန္ဒာကြည် (ခရိုင်ပြန်/ဆက်)