ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက်  စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့်စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း ၍ ဒေသခံပြည်သူများအား တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက လက်ပံပျားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြု လုပ်ခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းလာရောက်တွေ့ဆုံရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းဟောပြောပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးနောင်ထွန်းနီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။ယင်းနောက် ခရိုင်စက်မှူ ကြီးကြပ်၊ မြို့နယ်စီမံကိန်း၊ မီသတ်၊ လျှပ်စစ်၊ ပြန်/ဆက်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မွေးမြူရေးနှင့်ကုသရေး၊  ကျန်းမာရေး၊ ပညာရေး အစရှိသည့် ဌာနများမှ မြို့နယ်ဦးစီးမှူးများက ဒေသဖွံ့ဖြိုးရေးပေါင်းစပ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြရာ၊ တက်ရောက်လာသည့် ဒေသခံပြည်သူများ က သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြသည်။ ဒေသခံပြည်သူများ၏ မေးမြန်းမှူများအပေါ် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက ကပြန်လည်ရှင်းလင်းဖြေကြားကြပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်လိုက်ပါလာသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း(၂၁)ဦး၊ ဖျားနာလူနာ(၁၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး၊ တွေ့ဆုံပွဲသို့ ကျေးရွာဒေသခံပြည်သူ(၁၉၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)