စစ်တွေ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးထွက်ကုန် (ဟင်းသီး ဟင်းရွက်) များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများက ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်း ရွက်များ၊ အမဲသား၊ အသားစည်သွတ်ဘူးများနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်း ရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း၌ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)