စဉ့်ကိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု(GBV) အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်၉ နာရီခွဲကအခြေခံပညာအထက် တန်းကျောင်း(စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းကြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်၀င်း ၀င်းမော်က အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် အမျိုးသမီးငယ်ရွယ်များဆောင်ရန်၊ ရှောင်ရန်များ၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းလွင်က လူကုန်ကူးခံရမှုအခြေအနေများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ဆောင်ရန်ရှောင်ရန်များကို ဟောပြောခဲ့ပြီး အခမ်းအနားသို့ မြို့နယ် ရဲတပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)