လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့အ.ထ.က(၂)၌လူငယ်စကားဝိုင်းများကျင်းပ

ကျောက်ဆည်  ဒီဇင်ဘာ ၇

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်  ၉ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာပြီး ဗလငါးတန်ဖွံ့ဖြိုးရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားရေး၊ ပါဝင်ဆွေး နွေးတတ်သည့်အလေ့အကျင်းကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဦးဆောင်ပြီးလူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ Grade-8 တန်းမှ ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင်ပြည့်ဖြိုးအောင် က လူငယ်နှင့် အားကစား၊ မခင်သူဇာထွန်းက လူငယ်နှင့်စာရိတ္တ၊ မဆုကဗျာက လူငယ်နှင့်မူးယစ်ဆေး ဝါး၊ မဆုရတီက လူငယ်နှင့်စာပေ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်း သို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

သက်မောင်(ခရိုင်၊ပြန်/ဆက်)