နမ့်ဆန် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများ တည်ဆောက်ခြင်း စီမံကိန်းရုံးအစည်းအဝေးခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီက အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းကွင်းဆင်းမန်နေဂျာက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြီး (၁၆)ရက်တာလှုပ်ရှားမှုစတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဗီဒီယိုဖြင့်ပြသပြီး၊ ကွင်းဆင်းအရာရှိ ဒေါ်လွေးအီလောဝ်ကီက ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုအကြောင်းကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက ကျား/မ ရေးရာ လိင်ခွဲခြားမှုနှင့်ပတ်သတ်ပြီး အကြမ်းဖက်မှုများ လျော့နည်းစေရန် အကြံပြု ဆွေးနွေးကြသည်။
ထိုအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲဝင်များနှင့် စီမံကိန်းဝင်ကျေးရွာ များမှ စေတနာ့လုပ်အားရှင်များ မိခင်အဖွဲ့များ စုစုပေါင်းအင်အား (၈၀)ခန့်တက်ရောက်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)