ပုံပါကျင် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ပုံဖော်ဖန်တီးမှုစွမ်းရည်နှင့် မှတ်သားမှုစွမ်းရည်တိုးတက်လာစေရန်၊ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ရဲသည့် အလေ့အကျင့်များရရှိလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြအေးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းကို ရှင်းလင်းပြောကြားပြီး အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ကလေးသူငယ်များ ပျော်ရွှင်စွာပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုံပါကျင်မြို့ မြို့ဦးစီးကိုယ်စား ရုပ်သံကျွမ်းကျင်-၃ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးသူငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သော်တာ(ပြန်/ဆက်)