ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်

ကာလိ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာရေးဆရာ မောင်စည်သူ (အဖျောက်) ရေးသားထားသော "တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦးအသိပညာများဖလှယ်တက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်စည်သူ (အဖျောက်) ရေးသားထားသော "တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်မှ "စာပေအသိ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်း မှ "အတုခိုး မမှားဖို့ " ခေါင်းစဉ်ဖြင့်   အတုမယူသင့်သည်ကို အတုယူသောကြောင့် ဒုက္ခရောက်တက်သည် အကြောင်းအရာများကိုလည်ကောင်း၊ မဆုစံနန်းသူ က "စည်းကမ်းအစ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းဆိုင်လျန်း က "နောက်ကျွန်တော်မငေးတော့ပါ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းရှန်အွမ် က "တကယ်ဖြစ်ချင် တကယ်လုပ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မမန်းခမ်းဟွမ် က "စိတ်ကောင်းရှိဖို့ ပထမ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မမန်းမိုဆိုင် က "ကတိသစ္စာ တည်သောခါဝယ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းဆိုင်ဟွမ် က "ကိုယ်ချင်းစာစိတ်" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ထို့နောက် သုတ/ရသ စာအုပ်များခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)