မက်မန်း ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသားလူငယ်များအနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးအဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအခေါ် ဗဟုသုတများ တိုးပွားရေး၊ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်အားကစား စကားဝိုင်းကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်များအား စကားဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖိတ်ကြားထာသည့် အခြေခံပညာအထက်တန်း ကျောင်း(မက်မန်း)မှ ကျောင်းသားကျောင်းသူများကဦးဆောင်၍ ကျောင်းသားနှင့်အားကစား အမြဲလေ့ကျင့်ကစားနိုင်ရေးအတွက်ဆွေးနွေးခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ လူငယ်များက အားကစားနည်းတစ်မျိုးမျိုးကို နေ့စဉ်ဆောင်ရွက်ခြင်းအား ဆွေးနွေးခြင်း၊ အမှတ်(၂)ရပ်ကွက်ရှိလူငယ်များက အားကစားဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး ဆွေးနွေးခြင်း၊ မြို့နယ်အတွင်းမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားပေါ်ထွန်းလာရေး စသည့်အားကစားနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်နှင့်စကားဝိုင်းဆွေးနွေးပွဲသို့ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/ကျောင်းသူ(၂၀)ဦး၊ အမှတ်(၁) ရပ်ကွက်ရှိ လူငယ်မောင်မယ်(၁၅)ဦး၊ အမှတ်(၂)ရပ်ကွက်ရှိ လူငယ်မောင်မယ်(၁၅)ဦး၊ စုစုပေါင်း(၅၀ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)