မိုင်းခတ် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mas တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်၍ Mask ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မိုင်းခတ်မြို့၊ မြို့မစျေး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများနှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)