ဇမ္ဗူသီရိ ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက “လောင်းကစားဥပဒေနှင့်ပတ်သက်၍အသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ့ ဒေါ်ဝင့်ဝင့်အေးတို့က လောင်းကစား ကိရိယာများအကြောင်း၊ အများပြည်သူဆိုင်ရာ နေရာများ တွင် လောင်းကစားပြုလုပ်ပါက အရေးယူခံရနိုင်သည့် ဥပဒေပုဒ်မများအကြောင်း၊ ဥပဒေအရ သတ်မှတ်ထားသော လောင်းကစားများအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် အကြောင်းအရာတို့အား ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)