ပင်လုံမြို့ အထက(၁)ကျောင်း၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ပင်လုံ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု့ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု့တားဆီးကာကွယ်ရေးနှင့် နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ဆောင်ရွက်မှု့များအား ဆွေးနွေးပေးခြင်း၊ ခရိုင်အလုပ်သမားညွှန်ကြားမှု့ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးဖြူက အကြမ်းဖက်မှု့ အမျိုးအစားအကြောင်း ဆွေးနွေးပေးခြင်း၊ အမှတ်(၃) လူကုန်ကူးမှု့တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်(လွိုင်လင်) ရဲအုပ်ဉာဏ်လင်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပေးခြင်း၊ ပင်လုံနယ်မြေစခန်းမှူးရဲအုပ်တင်မိုးလှိိုင်က မုဒိန်းမှုနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင်က လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများ ဆွေးနွေးပေးခြင်းနှင့်အားကစားပစ္စည်းများပေးအပ်ပေးခြင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်နန်းမွှေးမွှေးခင်က ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ ဆွေးနွေးပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိန်းသန်းဌေးက online အန္တရာယ်အကြောင်းများ ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကျင်းပရာသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ အကြီးအကဲများ၊ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း( ၃၅၀ )ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)