ပင်းတယ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား ကူးကော်ကျေးရွာအုပ်စု၊ ချုပ်ချက်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရ၏ ရှေးလုပ်ငန်းစဉ်များဖြစ်သည့် မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ချပြရှင်းလင်းဆွေးနွေး ပြောကြားပေးရာ တက်ရောက်လာသည့် မိဘပြည်သူများ၏ သိရှိလိုသည်များ၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)