ကျောက်မဲ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမ၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ်ကလေးများကို ယနေ့နံနက် ၉နာရီက ပုံမှန်ကာကွယ်ဆေးများ ထိုးပေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် အသက်တစ်နှစ်ခွဲအောက်ကလေးသူငယ်များကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများကိုလစဉ် လကုန်ပြီး တစ်ပတ်တွင် ထိုးနှံပေးလျက်ရှိပြီး ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် လာယောက်ထိုးနှံသူ ၂၀၀ ဦးခန့်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)