တံတားဦး ဒီဇင်ဘာ ၆
တံတားဦးခရိုငက် တံတားဦးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း(၆၆/၆)ရှိ မြေပြင်တွင်စာရင်းများကွင်းဆင်းကောက်ယူနိုင်ရေးအတွက် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ကြောင်းသိရသည်။
အစည်းအဝေးတွင် တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စများ၊ နိုင်-၄ နှင့် ပုံစံ(၆၆/၆)များ၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးချိန်တွင် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကောက်ယူနိုင်ရေး၊ မြေပြင်ကွင်းဆင်းရာတွင် အဖွဲ့(၄)ဖွဲ့ခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြေပြင်လူဦးရေစာရင်း(၆၆/၆)ရှိ မြေပြင်တွင်စာရင်းများ ကွင်းဆင်းကောက်ယူနိုင်ရေးအတွက် ကွင်းဆင်းရက်များသတ်မှတ်နိုင်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုး တို့ကဆောင်ရွက်ထားရှိမှုများကို ဆက်လက်ဆွေးတင်ပြကြသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်