ဟိုပုံး ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဟဲလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပေါင်းလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်ဌေး၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီလွင်တို့က လူသားနှင့်ပတ်ဝန်းကျင်၊ စွန့်ပစ်ပစ္စည်းအမျိုးအစားများနှင့် ပလတ်စတစ်ဆိုးကျိုးများ၊ မီးခိုးမြူ ငွေ့အကြောင်းသိကောင်းစရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)