ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကြောင်းကျိုးချမ်းသာကို ကောင်းစွာခွဲခြားနိုင်ခြင်းသည် ပညာဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာတတ်များဖြစ်ရန် ကျောင်းစာအပြင် ဗဟုသုတများရရှိမည့် စာအုပ်စာပေများကို အားလပ်သည့် အချိန်များတွင် ရှာဖွေဖတ်မှတ်သွားကြစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရေးနှင့် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာပေများ အခမဲ့ဖတ်ရှုနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျေုာင်းမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်