ပျော်ဘွယ်မြို့နယ်တွင် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရွေးချယ်ခဲ့မှုအခြေအနေများ၊ နောင်လာမည့်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပြင်ဆင်သတိထားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြကြေးမုံနှင့်တာဝန်ရှိသူများကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ရေးဆွဲထားသည့်ပန်းချီပုံများတွင်ပါဝင်သည့် ရည်ညွှန်းထားသော အကြောင်းအရာများ၊ အဓိကဆိုလိုချင်သည့်အချက်အလက်များကို ပြန်လည်ရှင်းလင်း ပြသခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)