မိုးနဲ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခါးကျေးရွာနေ ဦးစောလုံ၏ ယာခင်း၌ ဆောင်းသီးနှံကြက်သွန်ဖြူ စိုက်ပျိုးရန်အတွက် ယမန်နေ့မှစ၍ ထွန်စက်ငယ်ဖြင့် ထွန်ယက်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ယာထဲတွင် ကြက်သွန်ဖြူစိုက်ပျိုးရန် မထွန်ယက်မီ သခွားသီး၊ ပဲတောင့်ရှည်၊ ခရမ်းညိုနှင့် ငရုပ်တို့ကို စိုက်ပျိုး၍ ဈေးတွင် ရောင်းချခဲ့ကြောင်း၊ ယခု ကြက်သွန်ဖြူစိုက်ပျိုးရန်အတွက် ကိုယ်ပိုင်ထွန်စက်ငယ်နှင့် ထွန်ယက်သည့်အတွက် ကုန်ကျစရိတ် သက်သာကြောင်း၊ ထွန်ယက်ပြီးနောက် ထယ်ဖြင့် မြေသမစေရန် ထပ်မံ ပြုလုပ်ပေးရကြောင်း၊ နောင်ကျော့ချောင်းနံဘေးတွင် ယာခင်းရှိသဖြင့် ချောင်းရေတက်ချိန် ယာခင်းအတွင်း ရေဝင်ရောက်ပြီး နှုန်းများကျန်ရစ်တဲ့အတွက် စိုက်ပျိုးရေးမှာ အမြဲတမ်းလိုလို ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကြက်သွန်ဖြူစိုက်သူ (၂)ဦးကို ငှားရမ်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် နားခါးကျေးရွာနေ စိုက်ပျိုး တောင်သူအများအပြား ကြက်သွန်ဖြူ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း ဦးစောလုံထံမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)