ရသေ့တောင် ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကျောင်းသား/သူလေးများ၊ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့် တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ဦးစီးမှူး ဒေါ်တင်ဇာဦးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေ ရန်၊စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ စာပေကိုစိတ်ဝင်စားမှုနှင့် စာဖတ်သည့်အလေ့ အကျင့် ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာ ဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့်မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများ အစဉ်အမြဲအောက်မေ့သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ အထက(၁)နှင့်အထက(၂)ကျောင်းများမှ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိ ပညာဗဟုသုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ သုတ/ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)