ပင်လောင်း ဒီဇင်ဘာ ၅
သက်ကြီးဘိုးဘွားများ၊ ပြည်သူလူထုများအား ကျန်းမာရေးစစ်ဆေးပေးမှုနှင့် အာဟာရဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာအုပ်စု ပင်လောင်းကြီးအရှေ့ရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးစစ်ဆေးပေးမှုနှင့် အာဟာရဝန်ဆောင်မှုလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများ၊ ပြည်သူများအား သွေးပေါင်းချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်ကုသရန် လိုအပ်သည့် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဆေးကုသရန်လိုအပ်သူများကို လမ်းညွှန်မှုများမှာကြားခဲ့ကြောင်း၊ အဆိုပါ ကျန်းမာရေးစစ်ဆေးပေးမှုနှင့် အာဟာရဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အာကာစိုး