ခိုလမ်မြို့၊ ဟိုင်းလိုက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ Mobile Library စနစ်ဖြင့် စာအုပ် ငှားရမ်း‌ခြင်းများ သွားရောက်ဆောင်ရွက်

ခိုလမ်  ဒီဇင်ဘာ    ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယနေ့နံနက် (၁၁) နာရီအချိန်က ဟိုင်းလိုက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ Mobile  Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား၊ကျောင်းသူများ  အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်​ရေးနှင့် အဖက်ဖက်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍  စီစဉ်ဆောင်ရွက် ပေးကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)