မဟာအောင်မြေ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကုန်တင်ယာဉ်/ခေါက်တို ယာဉ်များနှင့် ကုန်စည်ဂိတ်များအနေဖြင့်၂၀၂၃ ခုနှစ်အတွက် မှတ်ပုံတင်ကြရန် လိုအပ်သောကြောင့် ဒီဇင်ဘာ ၂၆ ရက်မှစတင်၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီး လုပ်ငန်းများကြီးကြပ်မှုကော်မတီ (ကုန်တင်ယာဉ်/ခေါက်တိုယာဉ်)မှ သိရသည်။
“ကုန်တင်/ခေါက်တိုယာဉ်တွေနဲ့ ကုန်စည်ဂိတ်တွေက နှစ်စဉ်မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။ စွယ်တော်ကုန်တင်ကားကွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်တင်/ခေါက်တိုယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီရုံးမှာ လက်ခံဆောင် ရွက်ပေးပါတယ်။လာဖို့ အခက်အခဲရှိရင် ကော်မတီရဲ့ ကွင်းစစ်ဆေးရေးစခန်းတွေမှာ မှတ်ပုံတင်နိုင်ပါတယ်” ဟုတိုင်းဒေသကြီးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကုန်တင်ယာဉ်/ခေါက်တိုယာဉ်)ကပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင်မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေကို ရေးဆွဲပြဌာန်းထားရှိသည်နှင့်အညီ ယင်းဥပဒေအရ ကုန်တင်ယာဉ်/ခေါက် တိုယာဉ်များနှင့် ကုန်စည်ဂိတ်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် မှတ်ပုံတင်ကြရန် အသိပေးနှိုးဆော်ခြင်းဖြစ်သည်။
မှတ်ပုံတင်ရန်အတွက် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်း(စွယ်တော်)၊ အခန်းအမှတ် (MM-5)သို့လည်းကောင်း၊ အဆိုပါရုံးခန်းသို့ လာရောက်ရန်အခက်အခဲရှိပါက ကော်မတီ၏ ကွင်းစစ်ဆေးရေးစခန်းများတွင်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အောင်ဇော်မင်း