ပုဗ္ဗသီရိ ဒီဇင်ဘာ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္က သိုလ်)တို့က အမျိုးသား၊ အမျိုးသမီး တာဝန်ခွဲဝေမှုအကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် နိုင်ငံအတွင်းမှာရှိသော လူအားလအား မည်သူကိုမျှ ခွဲခြားဆက်ဆံခြင်း၊ နောက်ချန်ထားခဲ့ခြင်း မရှိဘဲ အားပြည့်အင်ပြည့် စွမ်းအားထုတ်ပြီး အလုပ်လုပ်ဖို့လိုအပ်ကြောင်း၊ ကျား၊မ ခွဲခြားဆက်ဆံမှုသည် လူအသိုင်းအဝိုင်းတွင် ခြလိုစားနသော အရာတစ်ခုဖြစ်ကြောင်း၊ ကျား၊မ မခွဲခြားဘဲ တာဝန်ကို ဦးထမ်းပဲ့ထမ်း အတူတူထမ်းရွက်ကြရန်လိုအပ်ကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုဖြစ်ပွားရတဲ့အကြောင်းများ၊ ကျား၊မအခြေပြုအကြမ်းဖက်မှုကြောင့် ထိခိုက်နိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် အကြမ်းဖက်မှု မခံရစေရန် သိရှိထားရမည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျှက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို We Love Pobbathiri Facebook Pageတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)