လဲချားမြို့နယ် (Community Centre)ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

လဲချား ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူ လူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများဖတ်စေရန်၊ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသောစိတ် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကျောင်းသား/သူ စုစုပေါင်း (၁၀)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဦးစီးအရာရှိမှ ဆုများပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)