သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေလှောင်ကန်များရေဖြည့်တင်းခြင်းနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၅

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွား စေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များတွင် ထားရှိသော မီးသတ်ရေလှောင်ကန်များအား ရေဖြည့်တင်းခြင်းနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၄ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ မီးသတ်ရေလှောင်ကန်များအား ရေဖြည့်တင်းပေးခြင်းများ ဆောင်ရွက်ပြီးနောက် မြို့ပေါ်ရှိရပ်ကွက် (၁၁) ရပ်ကွက်အတွင်း နေထိုင်ကြသူများ မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များ၊ လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာ ဆောင်ရွက်ရမည့် အကြံပြုချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီ ဖြည့် / လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များ၊ အမှိုက်များ မီးရှို့ခြင်းမပြုကြရန်နှင့် အဆိုပါ အကြံပြုချက်များအား လိုက်နာမှုမရှိပါ မီးသတ်တပ်ဖွဲ့နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(မြို့နယ်၊ ပြန်/ဆက်)