တံတားဦးမြိုတွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တံတားဦး ဒီဇင်ဘာ ၅

တံတားဦးခရိုင် တံတားဦးမြို့နတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တံတားဦးမြို့ စကားအင်းအဝိုင်း၌ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဝိုလ်မှူးသန်းနိုင်ဦး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုးတပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်ဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာ ရမည့်အချက်များ၊ တော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များတွင် အသုံးပြုရာတွင်ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်းဆုံးရှုံးသွားသော အသက်အန္တရာယ်များ၊ ညအချိန်တွင် မီးဖွင့်မောင်းနှင်သွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့်အချက်တို့ကို  အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ရဲတင့်