ကျိုင်းတုံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(ပြည်နယ်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၃)ဦးလုကာ က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ကျိုင်းတုံမြို့နယ်မှ သင်တန်းသား ၅၀ ဦး တက်ရောက်ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရနှင့်သဘောတရားများ၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်များအကြောင်း၊ အရေးပေါ်ဆက်သွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရပ်ရွာလူထုအခြေခံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်ရေး စသည့်ဘာသာရပ်များကို ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)