ကွတ်ခိုင် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွတ်ခိုင်မြို့ အမှတ်(၅၉)၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးဝင်းလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသော ရည်မှန်ချက်တာဝန် (၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ထက်မြက်လာစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စသည့်အချက်တို့ကို ပြောကြားသွားပြီး၊ မြို့မိ/မြို့ဖ ဦးကြာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြာခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်မွမ်းမံသင်တန်း (၁/၂၀၂၂) ကို (၅.၁၂.၂၀၂၂) ရက်နေ့မှ (၃၀.၁၂.၂၀၂၂) ရက်နေ့အထိ ရက်သတ္တ(၄)ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)