မိုးနဲမြို့နယ်၌ ပဲပုတ်စိုက်ခင်းများ စတင်ရိတ်သိမ်း

မိုးနဲ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်နေ ဒေါ်ခင်စိန်၏ လယ်ထဲတွင် ပြောင်း၊ ပဲပုတ်စိုက်ခင်းများကို ၂ ဧကခန့် စိုက်ပျိုးထားရာ ယနေ့နံနက်ပိုင်းမှစ၍ ပဲပုတ်စိုက်ခင်းများကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

လယ်ထဲ၌ ပြောင်း၊ နေကြာ၊ ကြက်သွန်ဖြူ/နီ၊ မြေပဲ၊ စပါး၊ ပဲပုတ်နှင့် ပန်းနှမ်းတို့ကို့ ရာသီအလိုက် ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ဒေါ်ခင်စိန်၏ လယ်ထဲတွင် မိုးရာသီကာလ ဩဂုတ်လမှ စတင်စိုက်ပျိုးထားသော ပဲပုတ်စိုက်ခင်းကို ဆောင်းရာသီကာလ ဒီဇင်ဘာလ ၅ ရက်နေ့ ယနေ့တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ပဲပုတ်များကို စိုက်ပျိုးပြီး အလုပ်သမားငှားရမ်း၍ ပေါင်းလိုက်ထားပြီး ပေါင်းသက်ဆေး၊ မှိုသက်ဆေးနှင့် အပွင့်အားတိုး ဆေးတို့ကို အသုံးပြုထားပေးသဖြင့် ဖြစ်ထွန်းလျက်ရှိပြီး ယခု ရိတ်သိမ်းရာတွင် နေ့စားတစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ၂၀ ဦးကို ကျပ် ၁၄၀၀၀၀ ဖြင့် လည်းကောင်း ပဲပုတ်ပုံရန်အတွက် အထမ်းသမားတစ်ဦးလျှင် ကျပ် ၁၂၀၀၀ ဖြင့် ၂ ဦးကိုလည်း ငှားရမ်းထားကြောင်း၊ ပဲပုတ်များကို ချွေစက်ဖြင့် ချွေလှေ့ပြီးနောက် ပွဲရုံတွင် ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် ဈေးကောင်းရရှိရန်မျှော်လင့်ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)