ပင်လောင်းမြို့နယ်တွင် ကျေးရွာချင်းဆက်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ပင်လောင်း  စက်တင်ဘာ ၂၁

ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပင်လောင်း-လွယ်မောင်း-ထီတ ရကျေးရွာချင်းဆက် မြေသားလမ်း၀/၂.၆၅ မိုင်ကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ကျောက်ချောလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပင်လောင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာန၏ အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ်       ၂၃ ဒသမ ၈၂ သန်းဖြင့် Natural Treasure Land Co.,ltd မှ တာဝန်ယူဖောက်လုပ်ခြင်းဖြစ်သည်။

ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ထီတရကျေးရွာနှင့် လွယ်မောင်းကျေးရွာများမှ ဒေသခံပြည်သူ များ ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ထွန်းလင်း(ပင်လောင်း)