မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၂၅၉၇)စုအား ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မိုးမိတ်     စက်တင်ဘာ    ၂၁  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နေ့လည် နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်း တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၅၉၇)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် အခြေခံလူတန်း စား များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။       

မိုးမိတ်သား(စည်သူဌေး)