မရမ်းကုန်းမြို့နယ်၌ ​ရှေးဦးပြုစုနည်း (အ​ခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၅

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကလေးဝတောရဘုန်းတော်ကြီးကျောင်းခန်းမ၌ ယမန်​နေ့နံနက်ပိုင်းက ရှေးဦးပြုစုနည်း (အ​ခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့​သည်။

​ရှေးဦးစွာ ရန်ကုန်တိုင်း​ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦးကျော်မီုးကြည်က အဖွင့်အမှာစကား​ပြောကြားပြီး ​ရှေးဦးပြုစုနည်း (အ​ခြေခံ) သင်တန်း အမှတ်စဉ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ )တို့တွင် တက်​ရောက်သင်ကြားခဲ့ပြီး ထူးချွန်ဆုရရှိခဲ့သည့်သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းတက်​ရောက်သူများအတွက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများကချီးမြှင့်ခဲ့​သည်။ ထို့​နောက်အလှူရှင်များအား ဂုဏ်ပြုလွှာများပြန်လည်​ပေးအပ်ခဲ့ပြီး မြို့နယ်ကြက်​ခြေနီတပ်ဖွဲမှူးမှ​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်း​ဒေသကြီး၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ နည်းပြဆရာများ၊ တပ်ဖွဲ့ဝင်များနှင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)