တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်း၌ နေ့လည်စာနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

တန့်ယန်း  စက်တင်ဘာ  ၂၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် စေတနာရှင် မိဘပြည်သူများတို့က ဝိုင်းဝန်းကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအား ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြရာ ယနေ့ နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းကြသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်နေကြရာ ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်၍ ပြန်လည် ရောက်ရှိလာသူများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာများမှ ပြန်လာသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေး စခန်းတွင် စားရေးသောက်ရေး အဆင်ပြေစေရန် အမှတ်(၁)ရပ်ကွက်နေ ဦးစိုင်းထွန်းစိန်နှင့်မိသားစုက နေ့လည်စာနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)