ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးများပေးအပ်

မိုးနဲ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်း‌ခေးခရိုင် မိုးနဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုယ်ဝန် ဆောင်မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT) မှထောက်ပံ့ကြေးများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ပေးအပ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ကြေးများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန တို့ပူးပေါင်းပြီး Mobile Application ဖြင့်  ကောက်ယူခဲ့သည့် စာရင်းများအနက် MCCT အစီအစဉ်စာရင်းသွင်းထားသည့်ကိုယ်ဝန်ဆောင်မိခင်(၂၃၇) ဦးနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်(၁၂၇) ဦးတို့အား တစလလျှင် ကျပ် (၁၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ကြေးများပေးအပ် ခဲ့ကြောင်း၊ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင်ဖုန်းနံပါတ် ရှိသူအကျိုးခံစား ခွင့်ရရှိသူများအား (KBZ Pay) မှတစ်ဆင့်သော် လည်းကောင်း၊ ဖုန်းမရှိသူအကျိုးခံစား ခွင့်ရရှိသူများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာများအထိ KBZ BANK(KBZ Pay)မှ ကိုယ်စားလှယ်များက အိမ်တိုင်ရာရောက် ငွေကြေးလွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနမှသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)