မိုးနဲမြို့၌ မိုးစပါးစိုက်ခင်းများ GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်

မိုးနဲ  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ GAP အသိအမှတ် ပြုလက်မှတ် ရရှိရေးအတွက် လင်းခေးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာ အုပ်စု စိုက်ကွင်းများရှိလယ်‌ မြေနေရာ၌ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမ သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးမျိုးမင်းသန်း ၊ ခရိုင် GAP inspector အဖွဲ့ဝင်များ၊မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး နှင့်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်‌ တွေ့ဆုံကာမိုးစပါးသီးနှံစိုက်တောင်သူများ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း  GAP Protocol  စံ (၁၆) ချက်နှင့်အညီ စိုက်ပျိုးရေး၊ မြေနမူနာဓာတ်ခွဲ ခန်းအဖြေရရှိပြီး စပါးစိုက်ခင်း များ အပင်ဖြစ်ထွန်းရေး၊ သွင်းအားစုထည့်သွင်းပေးခြင်းနှင့် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်စေရေး၊ ကျရောက်တတ်သောပိုးရောဂါများကို ဘက်စုံသုံး ပိုးမွှား ကာကွယ်ရေး နည်းစနစ်အသုံးပြုရေး၊ တောင်သူတစ်ဦးချင်း မှတ်တမ်းထားရှိရေး အတွက်  ပညာပေး ဆွေးနွေးခဲ့ပြီး GAP အသိအမှတ်ပြုလက်မှတ်ကို တောင်သူတစ်ဦးချင်းသော်လည်းကောင်း ၊အုပ်စုအလိုက် သော်လည်းကောင်း GAP အသိအမှတ်ပြု လက်မှတ်ရရှိရေး လျှောက်ထား နိုင်ကြောင်းနှင့် မိုးနဲ မြို့နယ်တွင် စပါးစိုက်ဧက ၁၁၈၃၆ ဧက၊ နေကြာ ၇၃ ဧက ၊ပြောင်း၂၃၁၃၂ ဧက၊ပဲပုပ် ၁၁၇၂ ဧက စိုက်ပျိုးထားရှိပြီး စပါးသီးနှံ အပြင် အခြားသီးနှံအလိုက် GAP အသိအမှတ်ပြုလက်မှတ် လျှောက်ထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)