လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ မသန်စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းစီ ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီအား ယနေ့နံနက်ပိုင်းမှ စတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄) အုပ်စုရှိရာ ယနေ့နံနက်တွင် အမှတ်(၁၃)ရပ်ကွက်အတွင်းရှိ မသန်းစွမ်းသူ (၆၄)လူဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)