ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

ဒဂုံတောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်()အချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒီဇင်ဘာ အားကစားလတွင် မြို့နယ်အတွင်းရှိပြည်သူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေးနှင့် လန်းဆန်းတက်ကြွ စေရေးတို့အတွက် ရည်ရွယ်၍ လမ်းလျှောက်ပွဲစတင်ပြုလုပ် ကျင်းပပေးခြင်းဖြစ်သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွဲကြသည့် မြို့နယ်နေပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွဲနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အားကစားမှူး ဦးဆောင်၍လည်း အကြောလျော့ လေ့ကျင့်ခန်းများလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား နံနက်စာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပြီး နောင်လာမည့် အပတ်များတွင်လည်း ယခုလိုစုပေါင်းလမ်းလျှောက်ပွဲများ ဆက်လက်ကျင်းပပြုလုပ် ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရသည်။

သက်မင်းဟန်(ဒဂုံတောင်)