သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ စတင်ကျင်းပ

သာကေတ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလအတွင်း ပြည်သူများကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်၍ လူထုလမ်းလျှောက်ပွဲအား စတင်ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(:၃၀)အချိန်၌၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()ဒုတိယဗိုလ်မှူးကြီးကျော်ခိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်မှူးများပါဝင်သော အင်အား(၆၀၀)မှ လူထုလမ်းလျှောက်ပွဲအား ပါဝင်ဆင်နွဲခဲ့ကြသည်။

အဆိုပါလူထုလမ်းလျှောက်ပွဲအား သာကေတမြို့နယ်(၅)ရပ်ကွက်၊ မြင်တော်သာလမ်း၊ မြကန်သာပန်းခြံရှေ့မှစ၍ ဇင်္ဂမလမ်း၊ ရှု့ခင်းသာလမ်း၊ သုမနလမ်းများသို့ ပြည်သူများမှ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြကန်သာပန်းခြံ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းမှဦးဆောင်၍ ပြည်သူများနှင့်အတူ ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)