ဒဂုံအရှေ့ ဒီဇင်ဘာ ၄
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကို ပြည်သူများကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူလူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများပါဝင်သော စုပေါင်းအင်အား (၃၀၀)ဖြင့် မြို့နယ်ရှိ ပင်းယလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စတင်ကာ အင်းဝလမ်းတစ်လျှောက်ထိ ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးရှေ့ရပ်နားကာ စုပေါင်း၍ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)