ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဒီဇင်ဘာလ (ပထမပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီအချိန်က ယုဇနမုဒ်ဦးလမ်းတလျှောက် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လမ်းလျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများက ယုဇနမုဒ်ဦး မှစတင်၍  စုပေါင်းလမ်းလျှောက်ခဲ့ကြ ပြီးနောက် (၉၂)ရပ်ကွက် ဘောလုံး အားကစားကွင်းအတွင်း ပြန်လည်နေရာယူကာ စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ကျော်တို့က ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)