ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာလ ပထမပတ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၄

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြ ပါစို့” ဟူသည့် ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်လက်အပန်းဖြေစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ စတင်ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်(၆)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်မှူးများ  ပါဝင်ဆင်နွဲခဲ့ကြသည်။

အဆိုပါ ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်အားကစားကွင်းရှိမီတာ ၄၀၀ ပြေးလမ်းအား ၅ ပါတ်လမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ (၂)တို့ကို မြို့နယ်အားကစားနည်းစနစ်မှူး ဒေါ်သန်းသန်းနွယ်ဦး‌ဆောင်၍ သရုပ်ပြသ‌ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်နေပြည်သူများ အင်အား (၃၅၀)ကျော်ခန့် တက်ကြွစွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

မြင့်မြင့်ရီ