ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးလုပ်ငန်းများ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စာအုပ်စာစောင်များ လှူဒါန်းမှုရရှိနိုင်ရေး ဌာနလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြို့နယ်စာရေးဆရာအသင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီက ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြောင်း၊ စာအုပ်စာစောင်များကိုလည်း လှူဒါန်းလိုကြောင်း ပြောကြားပြီး၊ အတွင်းရေးမှုး စာရေးဆရာမ မအေးပွင့်မှလည်း အသိပညာပေးလုပ်ငန်းများတွင် မြို့နယ်စာရေးဆရာအသင်းမှ လိုအပ်သည်များ ပံ့ပိုးကူညီပေးကာ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

သို့ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး စာရေးဆရာမ မအေးပွင့်၊ ဧည့်သည်တော်အဖြစ် ဆရာမ မြမဥ္ဇူဝေ၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)