မက်မန်းမြို့နယ် အေးကျန့်ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

မက်မန်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်မည့် အေးကျန့်အုပ်စု၊ အေးကျန့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ/သားများ၏ သဘောတူညီချက်ဖြင့် ကော်မတီဝင်(၇)ဦးအား ရွေးချယ်ခန့်အပ်ခဲ့သည်။

မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အေးကျန့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေမှ ကျပ်သိန်း(၁၀၀) အား ထောက်ပံ့ပေးအပ်ပြီး ကျေးရွာမှ ရွေးချယ်ထားသော ကျေးရွာခန်းမဆောင်တည်ဆောက်ခြင်းလုပ် ငန်းကို မြို့နယ်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ နည်းပညာအကူအညီပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီတို့မှ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်း အနားသို့ ကျေးရွာသူ/ကျေးရွာသား(၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)