မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(ပထမအပတ်)ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ပထမအပတ်) ယမန်နေ့နံနက်  ၅ နာရီ ၃ဝမိနစ်အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ခရိုင်တရားရုံးအနီးလမ်းဆုံမှ ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ကို အပတ်စဉ် စနေနေ့တိုင်း  ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ