မိုင်းခုတ် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ သီးနှံစုံ ၅၆၄ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ နိုဝင်ဘာ ၃၀ ရက် နေ့အထိ စာရင်းများအရသိရသည်။
မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်၊ ဆောင်းရာသီ၌ အစေ့ထုတ်ပြောင်း(၇၄)ဧက၊ ဖူးစားပြောင်း (၂၉)ဧက၊ မြေပဲ (၁၂)ဧက၊ ပဲပုတ် (၁၄၁)ဧက၊ အခြားပဲ (၄၂)ဧက၊ ငရုတ်စို (၁၅)ဧက၊ ငရုပ်ခြောက် (၃၈)ဧက၊ အာလူး (၂၉)ဧကနှင့် အခြားဟင်းသီးဟင်းရွက် (၁၈၄)ဧက စုစုပေါင်း ဆောင်းရာသီသီးနှံစုံ (၅၆၄)ဧက စိုက်ပျိုးပြီး စီးကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အဆိုပါ သီးနှံများ အထွက်နှုန်းတိုးစေရေးနှင့် လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များကို မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)