လမ်းမတော် ဒီဇင်ဘာ ၄
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလအဖြစ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်(၅:၄၅)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ကျင်းပပြုလုပ်သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာလူထုအားကစားလတွင် စုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စုပေါင်းလမ်းလျှောက်ပွဲကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများက စုရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်၍ ကမ်းနားလမ်းကွန်က ရစ်လမ်းတလျှောက်ဆူးလေဆိပ်ကမ်း ဂိတ်(၅)အထိ လူဦး ရေ(၂၅၀)ကျော်စု ပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)