သပိတ်ကျင်းမြို့တွင် ၂၀၂၂ - ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

သပိတ်ကျင်း ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၂-ခုနှစ် ဒီဇင်ဘာအားကစားလ ပထမအပတ် စနေနေ့ လူထုစုပေါင်းလမ်းလျှောက်ပွဲအား ဆိပ်ကမ်းရပ်ကွက်လမ်းဆုံတွင်စုရပ်ထားရှိပြီး ယမန်နေ့နံနက်( ၅;၃၀) နာရီမှ စတင်ထွက်ရာ မြို့ဦးတောင်၊ တောင်ခြေအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ထိုမှတဆင့် မြို့ မအားကစားကွင်းသို့ ရောက်ရှိပြီး ကိုယ်လက်လှုပ်ရှားကြံခိုင်ရေးလေ့ကျင်ခန်း Fitness Dance ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း( ၃၀၀) ဦးခန့် ပါဝင်စုပေါင်းလမ်းလျှောက်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)